IMDB: 7.1/10 139 votes
Shoot Me In The Heart ဇာတ်ကားကတော့
Director : Je-Yong Mun ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ Korean Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating – 7.1/10 Box office – US$2.6million
ဒီဇာတ်ကားထဲမှာဆိုရင် မင်းသား Lee Min-ki နှင့် Yeo Jin-goo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“တစ်ချို့လူတွေက ရူးလို့ အရူးဆေးရုံ(အရူးထောင်)ရောက်လာပေမယ့် တစ်ချို့ကတော့ အရူးဆေးရုံ(အရူးထောင်)ကို အပို့ခံလိုက်ရတာကြောင့် တကယ်ရူးသွားကြပါတယ် ”
*ဇာတ်လမ်းအညွှန်း*
Soo-myung နဲ့ Seung-Min ဆိုသော အရူးနှစ်ကောင်ဟာ အရူးဆေးရုံ(အရူးထောင်)မှာ မထင်မှတ်ပဲတွေ့ကြတာကနေ ဇာတ်လမ်းစထားပါတယ်။ Soo-myung ကတော့ သူအသက် ၁၉နှစ်အရွယ်တုန်းက သူ့အမေကိုယ်ကိုကိုယ်သတ်သေတာကို မြင်ခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့်
ရူးသွားတဲ့အပြင် ကတ်ကြေးမြင်တိုင်း ကြောက်နေရပါတယ်။
ဒါပေမယ့် Seung-Min ကတော့ လူကောင်းနီးပါးပါ။ သူက Paraglider Champian တစ်ဦးဖြစ်ပြီး
မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ
အရူးဆေးရုံ(အရူးထောင်) ကို ရောက်လာခဲ့ရပါတယ်။Soo-myung က အရင်တုန်းကတော့
ဆေရုံမှာသာ ပျော်ပြီးဆော့နေပေမယ့် Seung-Min ရောက်လာတဲ့အခါမှာတော့
အပြောင်းအလဲကြီးဖြစ်သွားပါတယ်။
ဘာလို့လဲဆိုတော့ Seung-Min က ထိုအရူးဆေးရုံ(အရူးထောင်)မှ ထွက်ပြေးဖို့ကြိုးစားနေလို့ပါပဲ။
ထိုနောက် Soo-myung ကပါ အတူတူထွက်ပြေးဖို့ပြောလာခဲ့မှာဆိုရင်တော့….
ထိုအရူးနှစ်ကောင် ထိုအရူးဆေးရုံ(အရူးထောင်)မှ ဘယ်လိုလွတ်အောင် ကြံကြမလဲ…
တစ်ခြားအရူးတွေကရော သူတို့နှစ်ယောက်ကို
လွတ်မြောက်အောင် ဘယ်လိုဘယ်လိုကူညီပေးကြမလဲ…ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူတို့အရူးနှစ်ယောက်ရဲ့ အလွဲလွဲအချော်ချော်ဟာသတွေ အပြင် ပေးချင်တဲ့ Messageကိုပါ တစ်ပါတည်း ပေးသွားနိုင်သော
ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်
တင်ဆက်ပေးလိုက်ရပါတယ်။
Translated by SU
Encoded by Naing Aung Latt
#ChannelMyanmar
Присоединяйтесь к ОК, чтобы подписаться на группу и комментировать публикации.
Нет комментариев