" စဥ်းစားမိတာလေး တစ်ခု "
--
လူသေပြီဆိုတာ ?
တစ်ကယ် သေပြီလား/ မသေသေးလား
ဆိုတာကို ကိုယ့်မိသားစု
ကိုယ့်အသိုင်းအဝိုင်းတစ်ခုနဲ့ အပူများစွာ
နဲ့ ဆုံးဖြတ်ပေးနေရတာ
ဝမ်းနည်းစရာပါ။
* အသက်ရှု ရပ်သွားတိုင်း မသေနိုင်သေးပါ။
( ရေနစ်တဲ့သူ အဆုပ်ထဲ ရေရောက်သွားလို့
ခဏ အသက်ရှူ ရပ်နေတာ -
ဇောက်ထိုးထမ်းလျှောက် ရေအံအောင်လုပ်
ပါးစပ်ချင်းတေ့ လေမှုတ်ပြီး အသက်
ရှူအောင် ပြန်ချူ မှ ပြန်ကောင်းသွား )
---
* နှလုံးရပ်သွားတိုင်း - မသေနိင်သေးပါ။
( ဓါတ်လိုက်ခံရတဲ့သူများ ခဏ နှလုံးရပ်သွား- သိတဲ့သူက ရင်ဘတ်ပေါ် လက်နှစ်ဘက်နဲ့ နည်းစနစ်မှန်အောင် ဖိလိုက်
ကြွလိုက် လုပ်ပြီး နှလုံး ပြန်ကောင်း
သွားတာတွေရှိ)
---
Brain Dead ဖြစ်မှ လူတစ်ကယ်သေတာလို့ သိရပါတယ်။
အသေချာဆုံးက မျက်လုံးသူငယ်အိမ်
ကို ဖြဲကြည့်ပြီး ဆုံးဖြတ်ရတယ်။
( ရုပ်ရှင်ထဲမှာ ဆရာဝန်က မျက်လုံးဖြဲပြီး
ဓါတ်မီးနဲ့ထိုးကြည့်ပြီး ခေါင်းခါပြလိုက်ရင်
သွားပြီပေါ့)
-----
တစ်ကယ်သေသွားသကဲ့သို့
မျောသွားကြတဲ့သူများ လည်း အချိန်ကြာကြာ ရှိခဲ့ဘူး၏။
( အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း
ဆိုင်ကယ်သင်တန်းဆရာ ဘဝ မှာ သူ့ဆိုင်
ကယ်နဲ့ ကားတိုက်မိပြီး သေပြီဟု ယူဆခါ
ရေခဲတိုက်ထဲသို့ အထည့်ခံလိုက်ရသည်တဲ့
ရက်အနဲငယ်ကြာတော့ အလိုလို
သတိပြန်ဝင်ပြီး အလောင်းတွေကြားက
ကိုယ်လုံးတီးနဲ့ အတင်းပြေးထွက်
တံခါး ထုရိုက်တာ အပြင်ကလူများ
သိသွားလို့ ပြန်ရှင်ခဲ့ရဘူးသည်။ )
--
မြန်မာ့ ရိုးရာအတိုင်း
တစ်ကယ်သေသလား? ခဏ မျောသွား
သလား ဆိုတာ ခွဲခြားနိုင်ဘို့
အသုဘ ကို ၃ရက်/၅ရက်ထားခြင်း
လုပ်ဆောင်ရခြင်းလို့
ဘုန်းဘုန်းတရားဟောတုန်းက ပြောတာ
ကိုကြားဘူးထားမိသည်။
--
ခုလို အခါမျိုးမှာ
ရောဂါပြင်းထန်လို့ အသက်ရှူရပ်သွားရင်
သေပြီလို့ တစ်ထစ်ချ ယူဆလိုက်ပြီး
ဖျာနဲ့ပတ် စောင်နဲ့ပတ်ပြီး ကြုံသလို
သုသန်ကို အမြန်ပို့ မီးသဂြ်ိုလ်စက်ထဲ
ထည့်လိုက်မိလို့ကတော့ --
အမငီး! ပဲ လို့ပြောလိုက်ချင်။
နောက်ထပ် ဆင်ခြင်စရာတစ်ခု
ထပ်တွေးထားရပြန်။
--
သေတာကိုတောင် သက်ဆိုင်ရာ
ဆေးပညာရှင်က သေချာ မစစ်နိုင်အောင်
ကို အလုပ်ရှုပ်နေရပြီး
စာရွက်တောင်မနဲလက်မှတ်ထိုးပေးနေရ
တဲ့ အခြေအနေ ဆိုတော့
ပြည်သူတွေ ရဲ့ ကံဆိုးချက်ကတော့
ရှယ်ဖြစ်နေပြီဆိုတာ ---
ကျက်သရေမရှိ မဂ်လာမရှိတဲ့ ကြားက
မတင်ချင်တင်ချင် ရေးတင်ပေးလိုက်ရသည်
***
မြန်မာပြည်ကြီး ဒီကပ်ဆိုးကြီးက
အမြန်လွတ်မြောက်ပါစေတော့ ---
Присоединяйтесь к ОК, чтобы подписаться на группу и комментировать публикации.
Нет комментариев